m-obFYhmSp7Rz3g08a2FOhvxnxJvZEXSAxQ9-I*1cApiL/Orphand.jpg">

Tuesday, June 7, 2011

ပရဟိတ မွန်မြတ်လှ

  1. ကိုယ့်အကျိုးလဲ မလုပ် ပရဟိတလဲ မလုပ်သူ၊
  2. ကိုယ်အကျိုးတော့လုပ်ပြီး ပရဟိတ မလုပ်သူ၊
  3. ပရဟိတတော့လုပ်ပြီး ကိုယ့်အကျိုးအတွက် မဆောင်ရွက်သူ၊
  4. ကိုယ့်အကျိုးလည်းလုပ် ပရဟိတလည်း ဆောင်ရွက်သူ၊
ကမ္ဘာကြီးထဲရှိ လူသား သန်း ၆ ထောင်ကျော်ကို တူရာတူရာ စုရင် ဒီလေးမျိုးသာ ရကြောင်းဟောပြတော်မူပါသည်။ ထို လေးဦးထဲတွင် ကိုယ့်အကျိုးလည်းလုပ်ပြီး ပရဟိတ လည်းဆောင်ရွက်သူကို အမြတ်ဆုံးလူသားအဖြစ် မြတ်ဗုဒ္ဓက သတ်မှတ်တော်မူသည်။ [2]

ပရဟိတ အလုပ်

ပရဟိတ စိတ်ရှိဖို့ ဆိုသည်မှာ မလွယ်ကူပါ။ ကိုယ့်အကျိုးထက် အများအကျိုးကို ဆောင်ရွက် ပေးနိုင်ဖို့ဆိုတာ တော်ရုံစိတ်နှင့် မဖြစ်နိုင်သည့်အတွက် ဖြစ်သည်။ ပရဟိတစိတ်နှင့် ပရဟိတ လုပ်ငန်းတွေမှာ ကိုယ်တိုင် ကိုယ်ကျ ပါဝင်နိုင်ဖို့ ဆိုသည်မှာလည်း တော်ရုံတန်ရုံ စိတ်ခွန်အားနှင့် မရနိုင်ပါ။ ကိုယ့်ရဲ့ကိုယ်ပိုင် အချိန်၊ ကိုယ်ပိုင် ပစ္စည်းတွေကို ခွဲဝေပေးနိုင်မှသာ ဒီလုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည် ဖြစ်သည်။


ပရဟိတ မွန်မြတ်လှ

  • နွမ်းပါးရှာသူ ချို့တဲ့သူကို
ကူညီမစ ထောက်ပံ့ကြသည်
ပရဟိတ မွန်မြတ်လှ။
  • မိဘမဲ့သူ ကံဆိုးသူကို
ကူညီယုယ ပြုစုကြသည်
ပရဟိတ မွန်မြတ်လှ။
  • မသန်စွမ်းသူ အားနွဲ့သူကို
ကူညီဖေးမ ပံ့ပိုးကြသည်
ပရဟိတ မြတ်မြတ်လှ။
  • မကျန်းမာသူ နာသောသူကို
ကူညီစောင်မ စောင့်ရှောက်ကြသည်
ပရဟိတ မွန်မြတ်လှ။
  • ပညာနည်းသူ ဉာဏ်မွဲသူကို
ကူညီတွဲကြ အလင်းပြသည်
ပရဟိတ မွန်မြတ်လှ။
  • ကွယ်လွန်ရှာသူ သက်မဲ့သူကို
ကူညီဝိုင်းကြ သင်္ဂြိုဟ်ကြသည်
ပရဟိတ မွန်မြတ်လှ။
  • ဘ၀ခရီး လမ်းမကြီးကို
အသီးသီးသူငါ လျှောက်လှမ်းရာဝယ်
မောရှာပန်းရှာ များလှစွာကို
စာနာဖေးမ ကူညီကြသည်
ပရဟိတ မြတ်အလှတည့်
ပြုကြပုဂ္ဂိုလ် များထိုထို၏
ကုသိုလ်ကောင်းမှု အစုစုကို
သာဓုကြိမ်ကြိမ် ခေါ်မိတကား။
( မင်းယုဝေ )

No comments: